Saturday, October 26, 2013



Sunday, September 29, 2013

နည်းပညာနှင့်သက်ဆိုင်သောစာအုပ်များစုစည်းခြင်း(၁)


နည်းပညာစာအုပ်လေးတွေ တွေ.လို. ဝေမျှပေးလိုက်ပါတယ် စာအုပ်လေးတွေ က အတော်ဖတ်လို.ကောင်းတယ်။ technology knowledges တွေ တိုးတာပေါ့နော် အောက်မှာ တင်ပေးထားပါတယ် ဖတ်ချင်တဲ့သူများဒေါင်းလော့ရယူနိုင်ပါတယ်ခင်ဗျ။

Download ရယူနည်း (ဒေါင်းရန် ဆိုသောလင့်ခ်အား နှိပ်ပါ ထပ်မံပေါ်လာသော ဘောက်စ်မှ Skip Add ကို နှိပ်ပါ။ ထို.နောက် Mediafire လင့်ခ်များဆီရောက်သွားပါလိမ့်မည် စိတ်ကြိုက်ဒေါင်းနိုင်ပါသည်အကုန်လုံးကို Mediafire ကနေတင်ပေးထားပါတယ်)
Adobe Acrobat 4.0 မြန်မာလို  ဒေါင်းရန်
                                
Adobe Page Maker 7.0 မြန်မာလို  ဒေါင်းရန်
                    
Apache web server မြန်မာလို  ဒေါင်းရန်
                    
Auto CAD 2002 ရောဘတ်တင်အေး-မြန်မာလို  ဒေါင်းရန်
                    
Auto CAD 2002  မြန်မာလို  ဒေါင်းရန်
                     
CMS Engine အကြောင်းသိကောင်းစရာ မြန်မာလို  ဒေါင်းရန်
                   
DHCP ဆိုသည်မှာ မြန်မာလို  ဒေါင်းရန်
                    
DNS server ဆိုသည်မှာ မြန်မာလို  ဒေါင်းရန်
                   
Email server  အကြောင်း  မြန်မာလို  ဒေါင်းရန်
                    
Facebook အပါအဝင်ပုံများကို Zoom ဖြင့်ကြည့်လို့ရအောင်လုပ်နည်း မြန်မာလိုဒေါင်းရန်
                   
FTP ဆိုသည်မှာ မြန်မာလို ဒေါင်းရန်
                    
Gmail and Gtalk လွယ်ကူစွာသုံးနည်း မြန်မာလို  ဒေါင်းရန်
                   
Gmail ၏လျှို့ဝျက်ချက်များ မြန်မာလို ဒေါင်းရန်
                  
Google ၏လျှို့ဝှက်ချက်များ မြန်မာလို ဒေါင်းရန်
                  
Google Applications Email Sign up လုပ်နည်း မြန်မာလို ဒေါင်းရန်
                   
Gtalk,Gmail နှင့်ပတ်သတ်သမျှ မြန်မာလို ဒေါင်းရန်
                  
How to install Wordpress by mmWordPress မြန်မာလို ဒေါင်းရန်
                  
HTML ဆိုသည်မှာ မြန်မာလို ဒေါင်းရန်
                  
အင်တာနက်ဆိုသည်မှာ မြန်မာလို ဒေါင်းရန်
                   
Internet Connection Sharing (ICS) အကြောင်း မြန်မာလို ဒေါင်းရန်
                   
Laboratory Exercises with Linux မြန်မာလိုဒေါင်းရန်
                   
Linux အကြောင်း မြန်မာလို ဒေါင်းရန်
                   
Swishmax နဲ့ဖလက်ရှ်သီချင်းတွေဖန်တီးနည်း မြန်မာလို ဒေါင်းရန်
                   
WINDOW INSTALLATION မြန်မာလိုဒေါင်းရန်
                   
Wordpress-blog လုပ်နည်း မြန်မာလို ဒေါင်းရန်
                   
ကွန်ပြူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ (မောင်မောင်မြင့်သိန်း) မြန်မာလို ဒေါင်းရန်
                   
ကွန်ပြူတာအခြေခံ မြန်မာလို ဒေါင်းရန်
                   
ကွန်ပြူတာအကြောင်းအသေးစိတ်သိကောင်းစရာ မြန်မာလို ဒေါင်းရန်
                  
ကွန်ပြူတာပြုပြင်ထိန်းသိမ်းနည်းအခြေခံ မြန်မာလို ဒေါင်းရန်
                   
ကွန်ပြူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်စနစ်စီမံခန့်ခွဲခြင်း မြန်မာလို ဒေါင်းရန်
                   
ဆွီဒင်နိုင်ငံ၏ Korkort ယာဉ်မောင်းလိုင်စင်ရအောင်ဘယ်လိုလုပ်ကြမလဲ  မြန်မာလို ဒေါင်းရန်
         
နော်ဝေနိုင်ငံရဲ့ယာဉ်မောင်းလိုင်စင် kjøring lisene အကြောင်းတော့လေ့လာနေဆဲပါ။ ပြည့်စုံစွာ
သိလာတဲ့အခါရေးဖို့ဆန္ဒရှိပါတယ်။ (စကားချပ်)    

ဖလက်ရှ်သီချင်းလုပ်နည်း မြန်မာလို ဒေါင်းရန်
                   
ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံများလက်စွဲ မြန်မာလို ဒေါင်းရန်
                   
ဘလော့လုပ်နည်းလမ်းညွှန်  မြန်မာလို ဒေါင်းရန်
                  
အင်တာနက်အီးမေးလ်လွယ်ကူစွာအသုံးပြုနည်း မြန်မာလို ဒေါင်းရန်
                   
စေတန်ဂေါ့၏ဘလော့တစ်ခုပြုလုပ်ခြင်း  မြန်မာလို  ဒေါင်းရန်
                  

No comments:


လူမျိုးစုတိုင်းရဲ့မွေးရာပါနိုင်ငံသားအခွင့်အရေးကို ခြိမ်း ခြောက် ထား သော ဥ ပ ဒေ

ဦးဦးမှော်ဆရာ
21.9.2013
အင်တာနက်နဲ့ အဆက်ပြတ် နေတာ ကြာပြီ ဖြစ်လို့ ပျင်းရိရိ ဖြစ်တုန်း ကျနော့် မိတ်ဆွေ တစ်ယောက်နဲ့ ၈၂ ဥပဒေ အကြောင်း စကားစပ် မိပြီး “တိုင်းရင်းသား” ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပက်သက်တဲ့ သူ့အထင်ကို နားထောင် မိတော့ ကျနော် ရေးစရာ ခေါင်းစဉ် တစ်ခု ရသွားတယ်။ ကျနော့် မိတ်ဆွေ ထင်နေ တာ က မြန်မာ နိုင်ငံတွင်းမှာ နေထိုင်သူ ဘယ်လူမျိုး မဆို ၁၈၂၃ မတိုင်ခင် ဘိုးစဉ် ဘောင်ဆက် နေထိုင် လာခဲ့ကြောင်း အထောက် အထား ပြနိုင်ရင် ၈၂ ဥပဒေ အရ တိုင်းရင်းသား စာရင်းပေါက်ပြီ မှတ်နေတာ.. ဒီတော့ ကိုယ့်မှာ အထောက် အထား ပြည့်စုံရင် ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ပြင်၊ မပြင်ပြင်လည်း ဂရု စိုက် စရာ မရှိဘူး လို့ ဆိုလာ ပါတယ်။ တကယ် တမ်းလည်း ၈၂ နိုင်ငံသား ဥပဒေကို အပေါ်ယံ ဖတ် ကြည့်ရင် သူပြော သလို ထင်မိ မှာပဲ .. အဲဒီလို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်ထား တာကိုး။
ကျနော် အမြင် ကတော့ မြန်မာ ပြည်မှာ လူမျိုး (၈) မျိုးက လွဲရင် လက်ရှိ တိုင်းရင်းသား စာရင်း ထဲမှာ ပါနေတဲ့ ကျန်လူမျိုးစု (၁၂၇) မျိုး နဲ့ တိုင်းရင်းသား စာရင်း ထဲက ပယ်ဖျက် ခံထား ရတဲ့ ကျန်လူ မျိုးစု တွေဟာ ဥပဒေ အရ ရေရာ သေချာမှု မရှိတဲ့ အခြေ အနေချင်း အတူတူ ပါပဲ..။ သေချာ ထပ် ပြော ရရင် ၈၂ ဥပဒေ အရ တိုင်းရင်းသား စာရင်းမှာ ပါလို့ တိုင်းရင်းသား ဖြစ်ခွင့် ရနေတဲ့ လူမျိုး စု တွေနဲ့ စာရင်းမှာ မပါလို့ နိုင်ငံခြားသား အဖြစ် အဓ္ဓမ သတ်မှတ် ခံထားတဲ့ လူမျိုးစု တွေ ရဲ့ မွေးရာ ပါ နိုင်ငံ သား ဖြစ် ခွင့် အခွင့် အရေးကို ဥပဒေ အရ စနစ် တကျ ခြိမ်းခြောက်ခံ နေရတဲ့ အခြေ အနေချင်း အတူတူ လို့ ပြောရပါမယ်။
အောက်မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ – (၃) ကိုကြည့်ပါ။
” ၃။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ – ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှ စ၍ ပင်ရင်း နိုင်ငံ အဖြစ် အမြဲ နေထိုင် ခဲ့သောကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများ နှင့် မျိုးနွယ်စု များသည် မြန် မာ နိုင်ငံ သား ဖြစ် သည်။ “
သေချာအောင် အင်္ဂလိပ် ဗားရှင်း ကိုပါ ကြည့်ပါ။
အောက်ပါ (၁၉၄၈) ခုနှစ် နိုင်ငံသား ဥပဒေနှင့် ယှဉ်ကြည့်ပါ။
ဒီတော့ ၈၂ နိုင်ငံသား ဥပဒေ ပုဒ်မ ၃ ကို သာမာန် ဖတ်ကြည့် ရင်တော့ ၄၈ ဥပဒေ ပုဒ်မ – ၃(၁) ကိုပဲပြန်ထည့်သွင်း ထားသလို ထင်ရပေမဲ့ တကယ် တမ်းတော့ စာသား တွေကို နေရာ ပြောင်းရေး လိုက်ခြင်းဖြင့် လူသန်းပေါင်း များစွာ၏ မွေးရာပါ အခွင့် အရေး များကို ပယ်ဖျက် လိုက်ခြင်းသာ ဖြစ်တယ်။ အထက်ပါ ၁၉၄၈ နိုင်ငံသား ဥပဒေ ပုဒ်မ(၃) က `တိုင်းရင်းသား´ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် ဖွင့် ချက် ဖြစ်သော်လည်း၊ ၈၂ ဥပဒေ ပုဒ်မ – ၃ တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း – ဒီ (၈) မျိုးကိုသာ မြန်မာ နိုင်ငံ၏ တိုင်းရင်းသား များအဖြစ် ယတိပြတ် သတ်မှတ် ဖေါ်ပြ ထားကာ၊ ကျန်မျိုးနွယ်စု များအားလုံး ကိုတော့ ၁၈၂၃ ခုနှစ် မတိုင်မီ ထဲက အစဉ် တစိုက် နေထိုင် ခဲ့တယ်လို့ ယူဆ ခံရပါက `နိုင်ငံသား´ အဖြစ်သာ သတ်မှတ်ကြောင်း ဖေါ်ပြထား တာပါ။ ထိုမျိုးနွယ်စု များကို ထိုစဉ်က ၀န်ကြီးချုပ် ပါဝင်သော (၂၉) ဦးပါ နိုင်ငံတော် ကောင်စီ ဆိုသည့် အဖွဲ့ (ယခု ဆိုလျှင်တော့ နိုင်ငံသား စိစစ် ရွေးချယ်ရေး အဖွဲ့လိုမျိုး) ကဲ့သို့ လူတစ်စုရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက် ဖြင့်သာ တိုင်းရင်းသား မျိုးနွယ်စု ဟုတ်၊ မဟုတ် ဆုံးဖြတ်မည် ဖြစ်တယ်။
အမှန်တော့ လူမျိုးစု တစ်စု ဤနယ်နိမိတ် အတွင်း ရှိခြင်း၊ မရှိခြင်းကို ဆုံးဖြတ်ဖို့ရန် အာဏာ နှင့်အရည် အချင်းဟာ ဒီ ဥပဒေ အရ သတ်မှတ် ထားသူ များတွင် လုံးဝ မရှိပါ။ အာဏာ လက်ကိုင် ထားသူ အစိုးရ အနေဖြင့် `တိုင်းရင်းသား´ မည်သူ မည်ဝါ ဖြစ်စေ ရမည် ဟု ဆုံးဖြတ်ပေး ပိုင်ခွင့်ထက်၊ ရှေးအစဉ် အဆက် အမှန် တကယ် နေထိုင် ခဲ့သော သူများကို အသိ အမှတ် ပြုရန် တာဝန်သာ ရှိပါတယ်။ လူမျိုး (၈) မျိုးမှ လွဲ ၍ ယနေ့ မြန်မာ နိုင်ငံဟု ဖြစ်လာသည့် နယ်နိမိတ် အတွင်း ရှေးပဝေသဏီ ထဲက အစဉ် အ ဆက် နေထိုင် ခဲ့သည့် ကျန် လူမျိုးစုများ အားလုံး၏ မွေးရာပါ နိုင်ငံသား အခွင့် အရေးသည် ဘယ်လိုမှ မသက် ဆိုင်တဲ့ လူတစ်စု၏ စိတ်ကူး ပေါ်တွင် မူတည်၍ ဖြုတ်နိုင်၊ ဖြည့်နိုင်သည့် စာရင်းရှင် သာ ဖြစ်နေသည်။ ခုလို မိမိ ကြိုက်သူကို `တိုင်းရင်းသား´၊ မကြိုက်သူ ဆိုရင် `နိုင်ငံခြား သား´သတ် မှတ် နိုင်သော ၈၂ မြန် မာ နိုင်ငံသား ဥပဒေသည် အမှန် စင်စစ် ရှက်ဖွယ် လိလိ လူမျိုးရေး ခွဲခြားသော၊ လူ သား မဆန် ဆုံးသော၊ ရီစရာ ကောင်းသော ဥပဒေ တစ်ရပ်သာ ဖြစ်နေ ပါတယ်။ ဥပဒေက ရယ် စရာ ကောင်းသော်လည်း ခံစား လိုက်ရသူ တွေအတွက်မူ မွေးရာပါ ပြစ်ဒဏ် သဖွယ် ဆိုးရွား လှပါတယ်။
နောက်တစ်ချက် ပြောရရင် မြန်မာ လူမျိုး အပါ အ၀င် လူမျိုး (၈) မျိုးဆိုတာ သူ့အလိုလို ဒီမြေကြီး ထဲက ထွက်လာတာ မဟုတ်၊ မိုးပေါ်က ကျလာ တာလည်း မဟုတ်ဘဲ၊ သမိုင်းကြောင်း အရ ရှေးဘိုးဘေး မြန်မာ များဟာ တရုတ်ပြည် အနောက် တောင်ပိုင်း ဒေသမှ တဆင့် ယနေ့ မြန်မာ နိုင်ငံလို့ ဖြစ်လာမဲ့ ဒေသ များကို ၀င်ရောက် လာပြီး သူတပါး နယ်မြေ များကို ကျူးကျော် လုယူ သိမ်းပိုက် ခဲ့သူ တွေ သာ ဖြစ် ပါ တယ်။ ဒါ ငြင်းစရာ မလိုတဲ့ သမိုင်းပါ။ မြန်မာ နိုင်ငံလို့ နယ်နိမိတ် အတွင်းမှာ မြန်မာ လူမျိုးတွေ မရောက် လာ ခင်ထဲက တခြား လူမျိုးတွေ ကောင်းစွာ အခြေချ နေထိုင် ခဲ့ပြီး ဖြစ်ပါတယ်။ ဥပမာ – ရိုဟင်ဂျာ ၊ ပသီ လူ မျိုး များသည် ကိုယ့်မင်း ကိုယ့်ချင်းနှင့် နေထိုင် ခဲ့သည့် သမိုင်း အထောက် အထား ခိုင်ခိုင် မာမာ ရှိခဲ့ပြီး၊ ကျန် ပရှုး၊ မြေဒူး … အစ ရှိသည့် လူမျိုးစု များသည်လည်း မြန်မာ့ သမိုင်း တလျောက် အစဉ် အဆက် ရှိခဲ့ သည့် သမိုင်း ကြောင်းများ ရှိပါတယ်။ ဒီ လူမျိုးစု တွေကို ခုချိန် ကျမှ တနေရာက ရောက် လာသူ တွေလိုလို သတ်မှတ်ပြီး အသိ အမှတ် မပြုဘဲ နေလို့ မရပါ။“တိုင်းရင်းသား” ဆိုတဲ့ ဝေါဟာရ ကို နေရာ ကွက်ပြီး သတ်မှတ် ခြင်းသည် လုံးဝ အဓိပ္ပါယ် မရှိပါ။ မိုင်ပေါင်း (၂၆၁၂၂၈) မိုင်အတွင်း အကျုံးဝင်သည့် လူမျိုးစု များထဲမှ သတ်မှတ် ထားသော သက္ကရာဇ် မတိုင်မီ နေထိုင် ခဲ့ကြောင်း ခိုင်မာလျှင် တိုင်းရင်းသား အဖြစ် မွေးရာပါ နိုင်ငံသား အခွင့် အရေး ပေးကို ပေးရ ပါမယ်။ “ဒီလို သွင်ပြင် သဏ္ဍာန် ရှိတဲ့ သူတွေပဲ ဒီနေရာမှာ ရှိနေခဲ့တာ၊ ဒါက လွဲရင် တခြား ပုံစံနဲ့ ယဉ်ကျေးမှု မတူတဲ့ လူမျိုးတွေ မရှိခဲ့ဘူး” လို့ တထစ် ချမှတ် ယူထားတဲ့ အမြင်ဟာ အလွန် ရယ်စရာ ကောင်းတဲ့ အမြင်ပါ။ ဒီလို ငြင်းဆန် နေခြင်း အားဖြင့် လူပေါင်း များစွာရဲ့ အခွင့် အရေးနဲ့ လူ့စွမ်းအား အရင်း အမြစ် တွေကို ဖြုန်းတီး လိုက်သ လို ဖြစ် ပြီး၊ ပြဿ နာ တွေထဲ တ၀ဲ လည်လည်နှင့် ခုလို ခွက်လက်စွဲ နိုင်ငံ ဘ၀က ပြောင်းလဲ လာဖို့ မမြင်ပါ။
ဒီလို အခြေ အနေ ဆိုက်နေ ရခြင်းရဲ့ အဓိက အကျဆုံး အကြောင်း ရင်းမှာ ၁၉၈၂ နိုင်ငံသား ဥပဒေတွင် `တိုင်းရင်းသား´ ဆိုသည့် စကားရပ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက် (လုံးဝ) မပါခြင်းပင် ဖြစ်သည်။ ၁၉၄၈ ဥပဒေ အရ တိုင်းရင်းသား ဖွင့်ဆို ချက်သည် လည်းပဲ မပြည့်စုံပါ။ အမှန်က `တိုင်းရင်းသား´ ဆိုတဲ့ ဝေါဟာ ရ၏ ပြည့်စုံသော အဓိပ္ပါယ် ဖွင့်ဆိုချက် အတွက် ၁၈၂၃ ခုနှစ် မတိုင်မီ ဆိုတဲ့ သက္ကရာဇ် သတ်မှတ်ချက် အစား အမှန် တကယ် ရှိနေ ခဲ့သော လူမျိုးစု အားလုံး၏ အမည် စာရင်းကို ဥပဒေထဲ မှန်မှန် ကန်ကန် ထည့်သွင်း ဖေါ်ပြ ထားခဲ့လျှင် နောင်အခါ အထုပ်ရှုပ် တွေဖြစ် လာမည် မဟုတ်ပေ။ အဲဒီခေတ် အခြေ အနေ အရ တိုင်းရင်းသား မျိုးနွယ်စု စာရင်းကို တိတိ ကျကျ သတ်မှတ်ဖို့ ခက်ခဲ နိုင်တာကြောင့် ဖြစ်နိုင် ပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောလို တာက ၈၂ နိုင်ငံသား ဥပဒေဟာ ခုလက်ရှိ နိုင်ငံသား အခွင့် အရေး ဆုံးရှုံး နေသူ လူနည်းစု ရဲ့ ပြဿနာ သက်သက်သာ မဟုတ်ဘဲ လူမျိုး (၈) မျိုးက လွဲရင် မြန်မာ ပြည်တွင်းရှိ တိုင်းရင်း သား မျိုးနွယ်စု အားလုံးကို ခြိမ်းခြောက် နိုင်အောင် ရည်ရွယ်ချက် ရှိရှိ စီမံ ထားတဲ့ ဥပဒေ တစ်ခု ပါ။ ဒီဥ ပဒေရဲ့ ခြိမ်းခြောက် မှုနဲ့ လွတ်တယ် ဆိုတဲ့ လူမျိုး (၈) မျိုး အနေနဲ့ ကလည်း ရေရာ သေချာမှု မရှိတဲ့ ဥပဒေရဲ့ မျက်နှာသာ ပေးမှုကို စိတ်ချနေလို့ မရနိုင်ပါ။ အခြေ အနေပေါ် မူတည်၍ လူမျိုး ပြောင်း သွား နိုင်သေးသည်။ သေချာ တာကတော့ လူတစ်ဦးရဲ့ မွေးရာပါ နိုင်ငံသား အခွင့် အရေးသည် ဥပဒေအရ ဆိုတာထက် လူတစ်စုရဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဆန္ဒစွဲ ပေါ်မှာ ပိုပြီး မူတည် နေတဲ့ အတွက် ပြင်ဆင်သင့် (သို့) ဖျက်သိမ်း သင့်သည့် ဥပဒေ တစ်ရပ်သာ ဖြစ်ပါကြောင်း ..

Facebook Fan Page သို့ မဟုတ် Facebook Like Page ပြုလုပ်နည်း



အခုတလော  Facebook မှာ  Page လုပ်သူတွေ  တအားများလာတာတွေ့ တယ်

မလုပ်တတ်သေးသူတွေ ရှိနေလို့    ပြုလုပ်နည်းအသေးစိတ်  ရေးတင်လိုက်တာ

တစ်ဆင့်ချင်းလုပ်ကြည့်  10 မိနစ်မကြာဘူး ။  နာမည်ကျော်  မင်းသား မင်းသမီး

ကုန်ပစ္စည်းကြော်ငြာ  သတင်း  နည်းပညာ  နယ်ပယ်အစုံကနေ  Fan Page တွေ

ပြုလုပ်လာကြပီး  အကျိုးကျေးဇူးလည်း များပါတယ် ။Page တစ်ခုမှာ Like တဲ့သူ

အများကြီးရဖို့  လိုအပ်ပါတယ် ။ ဒါမှစာတင်တာ  ပုံတင်တာ  လူအများကြီးဆီကို

ချက်ချင်းရောက်တယ် ။ ဂျာနယ်ထဲ  ကြော်ငြာထည့်တာ   လူသိဖို့ သိပ်မမြန်ဘူး

နာမည်ရပီး  Like သူများတဲ့  Fan Page မှာ  ကြော်ငြာရင် ခဏလေးနဲ့  လူသိများ

နာမည်ကြီးတာပေါ့ ။ အဲ့ကြောင့်  ကုမ္ပဏီတွေ  မင်းသားမင်းသမီးတွေ Fan တွေ

လုပ်ပီး သုံးနေကြတာ အကျိုးကျေးဇူးကလည်းများပါတယ် ။ ကဗျာ စာပေသမား

သတင်းသမား အဆင်ပြေသလို ပြုလုပ်လို့ ရတယ် ။လုပ်ရတာလည်းလွယ်ကူပြီး

Facebook အကောင့်တစ်ခုရှိတာနဲ့  Fan Page တွေ  အများကြီး လုပ်လို့ ရတယ်

ပြုလုပ်ချင်သူများ  အောက်ကလင့်မှာ  တစ်ဆင့်ချင်း လိုက်လိုက်ပါ 5 မိနစ်ပါပဲ


ဒီလင့်မှာ Faebook Fan Page တစ်ခု သွားလုပ်ပါ - www.facebook.com/page


ရောက်ပီဆို အမျိုး 6မျိုး မြင်ပါလိမ့်မယ် ကြိုက်တဲ့ အကွက်ရွေးပြီးလုပ်လို့ ရတယ်

Brand and Product ကို ရွေးနှိပ်လိုက်ရင် စာတွေဖြည့်ရပါလိမ့်မယ် ဆက်ဖြည့်ပါ

Choose a category မှာ တစ်ခုခု ရွေးလိုက်ပါ  Brand of Product မှာတော့ကိုယ့်

လုပ်မယ့် Fan page  အကြောင်းအရာပေါ့ နမူနာ Daily News ဆိုပီး ပေးလိုက်တယ်

ပီးရင် I agree ဆိုတဲ့အကွက် အမှန်ချစ်ပြီး Get Started နှိပ်လိုက်ပါ ။ဒါဆို ရပါပြီ

နောက်တစ်ဆင့်မှာတော့ Facebokk သာမာန်လုပ်တည်းအတိုင်းပါပဲ လုပ်ကြည့်


About = Fan page  အကြောင်း အနည်းငယ်ရေးပါ ( နမူနာ နေ့ စဉ်သတင်းများ)

Profile = ဒါတော့ ပုံထည့်ပေးဖို့  အဆင်ပြေတဲ့ပုံ သင့်တော်ရာပုံထည့်လိုက်ပါ

Add to favourites မှာ Skip နှိပ်လည်းရတယ်  Add to favourites နှိပ်လည်းရတယ်

Reach more people မှာတော့  Skip နှိပ်လိုက်ပါ  ။  Free Page လုပ်တာမလို့ ပါ

ဒါဆို Fan page တစ်ခုရလာပီ ။ ကိုယ်နှစ်သက်ရာ ကဗျာ နည်းပညာ စာပေများကို

ရေးသားပြီး Like သူများတဲ့ Page တစ်ခုဖြစ်အောင် ကြိုးစားနိုင်ပါပြီ. Good luck :)



Wednesday, October 16, 2013


နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည် နိုင်ငံသားဖြစ်ရန် ခတ်ခဲလှသည့် ၁၉၈၂ နိုင်ငံသားဥပဒေ

Manda in Mag

Sunday, October 13, 2013


တိုင်းရင်းသားလူမျိုးစုများကိုပင်မကာကွယ် နိုင် သော ဥ ပ ဒေ

အောက်တိုဘာ ၁၊ ၂၀၁၃
M-Media
ရေးသူ -မသိင်္ဂီကျော်
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေအနေများမှာ ငြိမ်သက်မှု မရှိဘဲ ပိုမို ဆိုးရွားလာနေခြင်းမှာ သံတွဲမြို့နေ အာဏာပိုင်များ၏ လျစ်လျူရှူနေမှုမှာ ပိုမို ထင်ရှား လာနေပြီ    ဖြစ်  သည်။
သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများအတွက် များစွာ စိုးရိမ်ရသော်လည်း မည်သည့် အကူအညီမှ ပေးခွင့် မရှိ ဖြစ်နေပါသည်။ နိုင်ငံတော်မှ တိုင်းရင်းသားများအား ကာကွယ် မှု မပေးနိုင်ဘဲ လျစ်လျှူရှူ ထားသည်မှာ များစွာ စိတ်ထိခိုက်ဖွယ် ဖြစ်ပါသည်။
ကမန် တိုင်းရင်းသားများမှာ နှစ်ကာလ ရှည်ကြာကပင် နေထိုင်လာသော လူမျိုးစု ဖြစ်သော်လည်း အာဏာပိုင်များမှာ မည်သည့် လုံ့ခြုံမှုမှ မပေးနိုင်ခြင်းမှာ တိုင်းရင်းသား လူမျိုးစု များ အား နိုင်ငံတော်မှ ရက်စက်လွန်းသည်မှာ ထင်ရှားနေပါသည်။
သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ထိုတိုင်းရင်းသားများကို အန္တရာယ်ပြု အကြမ်းဖက်နေသော လူစုအား နိုင်ငံတော်၏ ဥပဒေဖြစ်ပင် မကာကွယ် ပေးနိုင် ဆိုသည်မှာ တရားဥပဒေသည် နိုင်ငံတော်မှ မပိုင်ပဲ မည်သူများ စိုးမိုးနေသနည်း။
လူနှစ်ဦး အချင်းများခြင်းမှ စတင်ကာ မည်သည့် အပြစ် တစ်စုံတစ်ရာမှ မရှိသော လူအများ အသက် အိုးအိမ် စည်းစိမ် ဖျက်ဆီးခံရခြင်းမှာ အဓိပ္ပါယ် အလွန်တရာမှ ကင်းမဲ့လှပါသည်။
ဓါတ်ပုံ အညွန်း- စက်တင်ဘာ ၃၀ ရက်နေ့တွင် သံတွဲမြို့မှ မွတ်စလင်မ် တဥိးနေအိမ် မီးရှို့ခံထားရပုံ
** မသိင်္ဂီကျော် M-Media သို့ ပေးပို့လာသော ဆောင်းပါးတိုဖြစ်ပါသည်

ကမန် တိုင်းရင်းသား များကို အကြမ်းဖက်သည့် မှတ်တမ်း (Graphics Warning)






















ကမန်ဟူသည်

`ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့်တပ်မတော်မှ သူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏ အမည်နာမတစ်ခုသာဖြစ်သည်။ `ကမန်´ဆိုသည်မှာရခိုင်သုသေသီတို၏အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´ `လေးသည်တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန အဝေးသင်တက္က သိုလ် စတုတ္တနှစ် မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန်ဆိုသည်မှာ လေးအတတ်တွင် ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။ ရခိုင်တပ်မတော်တွင် လေးသည်တော် တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်သည်´ ဟုဖော်ပြထား သည်။
သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုးနွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။ သမိုင်းစာအုပ်များ၌`ကမန်သူရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါက ဘုရင့်တပ်မတော်တွင် လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။ လက်ရှိကမန်လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်လူမျိုးမှ ဆင်းသက်လာသည် အလျောက် ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့် ထပ်တူပင်ဖြစ်သည်။
ရခိုင်ဆရာတော်ဦးဉာဏရေးသည့် ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး ယခင်နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှထွန်းဖြူရေးသည့်`ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ´ စာအုပ်တွင်လည်း`ကမန်´ လူမျိုးများသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို၊ စိတ်နေစိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန် စသည်တို့ကွဲပြားခြားနားမှုမရှိကြောင်းကို ဖော်ပြထားသည်။ ရှားရှူဂျာမင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ် ၁၆၆၀ ပတ်ဝန်းကျင်မှသာ`ကမန်´ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ငနှလုံးမင်း(၁၂၃၄-၃၇)လက်ထက်ကတည်းကပင်`ကမန်´ဟူသောဝေါဟာရသည် စတင် ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။
ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ
၁။ငနှလုံးမင်း(၁၂၃၄-၃၇)
ရခိုင်ရာဇ၀င်များတွင် ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သော ငနှလုံးမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး၍ စစ်သူကြီး အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို ကုလားပြည်သို့ချီတက်တိုက်ခိုက်စေရာ ကုလားစစ်တပ်က စစ်တကောင်းမှ ငါးရက်အတွင်းဆုတ်ခွာရသည်။နောက်တဖန် ဒါကာမြို့မှ ခုခံသော်လည်းစစ်ရှုံး၏။ဘုရင့်အမိန့်အရ ကုလားပြည်တွင် အမတ်ဆင်ကဲကြီးကိုထားခဲ့ပြီးစစ်သူကြီးဓမ္မဇေယျသည်ကုလားထက်ဝက်ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည် ဟူ၍လည်းကောင်း သုံ့ပန်းများကိုခွဲဝေရာတွင်
`ကမန်လေးသည်တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်းရခိုင်ရာဇ၀င်သစ်ပထမစာအုပ်၊စ တုတ္တတွဲတွင်တွေ့ရပေသည်။
ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက်လာ ကြောင်းထင်ရှားသည်။
၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း
G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)= Bow and Arrow ဟုဖော်ပြထားသည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော လေးသည်တော်တပ်သည် အဘယ်ကဲ့သို့ ပါရှန်းအမည်တွင်နေသနည်းဟု မေးစရာရှိသည်။ အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာရပ်ကုန်သည်၊ ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င် ပသျှူးကျွန်းဆွယ်တို့ကို ကူးသန်း ရောင်းဝယ်နေကြပြီဖြစ်သည်။  နိုင်ငံခြားသားများနှင့် ရောင်းဝယ် ဆက်ဆံရာမှ ဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်ဝင်ခဲ့သည်။ ၁၅ ရာစုမှစတင်၍ရခိုင်မင်းများသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း ပါရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။ ငနုလုံးမင်း(အလီခန်)၊ ဘစောဖြူ(ကလီမာရှား)၊ မင်းဒေါ်လျှာ(မေနုလျှား)၊ ဘစောမင်းညို(မိုဟာာမက်ရှား)၊ မင်းရန်အောင်(နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊ မင်းစောအို(ဂျလာလ်ရှား)၊သဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊ မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ(စွယ်လင်ဆိုလိမ်ရှား)၊ မင်းခမောင်း(ဟူစိန်ရှား)
ဤသည်ကိုထောက်ရှု၍ပါရှန်ဘာသာစကားနှင့်ပါရှန်လူမျိုးတို့၏ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။
၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း
ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ) တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည် အစ္စလာမ်သာသနာ စည်ပင်ပြန့်ပွားစေခြင်းငှာ`ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌ အနှံ့အပြားတည်ဆောက်လျက် ဘာသာရေးဟော ပြောပွဲများကိုနေ့စဉ်နှင့် အမျှကျင်းပပြုလုပ်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အချို့သောဗုဒ္ဓဘာသာ ၀င်အချို့သည် ယုံကြည်သက်ဝင်လာပြီး အစ္စလာမ်သာသာနာသို့ကူးပြောင်းကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟောဆရာများကိုမှာ ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။ ဤသို့ဖြင့်အစ္စလာမ်ဘာသာသည် ပိုမိုကျယ်ပြန့်ထွန်းကားလာခဲ့သည်။